ShweRooms ShweRoom
 
  Log in:
Email:
Password:
 
Myanmar's No. 1 Property Portal
 
 
  
Insurance အမခံ
Ad ID: G-374322
Posted on 18 May 2016 11:06 pm
Viewed 270 times
Category: 
Insurance Search in Insurance
Contact no.: 
Email: 
Description: 
Insurance အာမခံ အကြောင်း သိကောင်းစရာ >>>

စင်္ကာပူမှာ အလုပ်လုပ်ကိုင်နေတဲ့သူများ သိထားသင့်တဲ့ Insurance အကြောင်းကို AIA မှ မေးမြန်းပြီး ဗဟုသုတအနေနဲ့ ရေးတင်လိုက်ပါတယ်။

Spass/EP တို့အတွက် MOM Law အရ company မှ မဖြစ်မနေ ၀ယ်ယူထားရသော Insurance S$15000 အနည်းဆုံးရှိကြသော်လည်း တခြားသော မသိမြင်နိုင်သောအကြောင်းအရာများကြောင့် ဆေးရုံတက်ခဲ့ရသော် စင်္ကာပူတွင် ကုန်ကျစရိတ် ဈေးကြီးသဖြင့် Hospital Insurance ကို တက်နိုင်ရင် ၀ယ်ထားနိုင်ရန် အကြမ်းဖျဉ်း ရှင်းပြပေးပါမယ်။

(1) Hospital Insurance Plan
~~~~~~~~~~~~~~~~~~~~~~

(a) AIA Health Shield Gold Max Plan A

အသက် 20-29နှစ် အတွက် တစ်လလျှင် $68 or တစ်နှစ်စာ $781

အသက် 30-39နှစ် အတွက် တစ်လလျှင် $88.10 or တစ်နှစ်စာ $1013

အသက် 40-49နှစ် အတွက် တစ်လလျှင် $129.90 or တစ်နှစ်စာ $1493

ပေးဝယ်ထားလျှင် ဆေးရုံတက်ကုန်ကျစရိတ် 100%အကုန်နီးပါးကို Insurance Company မှ ပြန်လည် claim လုပ်နိုင်ပါတယ်။

ပြန်လည် တောင်းခံနိုင်သော စရိတ်များ အကျဉ်းချုပ် - အစိုးရဆေးရုံ သို့မဟုတ် Private ဆေးရုံ တို့တွင် 6နာရီ အထက် တက်ရောက်လျှင် တစ်ယောက်ခန်းထိ အမြင့်ဆုံးယူနေထိုင်ပြီး ကုန်ကျစရိတ် ၊ ခွဲစိတ်စရိတ်၊ ဆေးရုံမတက်ခင် ရက် 100 အတွင်းပြထားသည့် ဆေးခန်းပြစရိတ်နှင့် ဆေးရုံဆင်းပြီး ရက် 100 အထိ ဆေးရုံတွင်ပြန်ပြဖြစ်သော ဆေးကုသစရိတ်များ၊ ဆေးရုံမတက်သော်လည်း ဆေးရုံတွင် Radiotherapy for cancer and Erythoropoietin ကဲ့သို့သော ဆေးစစ်ခြင်းစရိတ်များ ၊ တစ်နှစ်လျှင် S$ 600,000/- အထိအများဆုံး နှင့် သတ်မှတ်ထားသော ရောဂါကြီး 30 မျိုးတွင် ပါဝင်ပါက တစ်နှစ်လျှင် S$700,000/- အထိအများဆုံး claim နိုင်ပါတယ်။

PR/Singaporean များသည် MediShield Life Premiums များကို Government မှ မ၀ယ်မနေရဖြင့် ၀ယ်ယူပြီးဖြစ်သောကြောင့် AIA Health Shield Gold Max Plan A ဖြစ်ရန်

အသက် 21-30နှစ် အတွက် တစ်လလျှင် $34.50 or တစ်နှစ်စာ $396 ။

အသက် 31-40နှစ် အတွက် အတွက် တလလျှင် $38.40 တစ်နှစ်စာ $441 ပေးခြင်းဖြင့် အထက်ဖော်ပြပါ Claim များကို ခံစားနိုင်ပါသည်။

အပေါ်က ပြောပြထားသော Plan A Amount မတက်နိုင်သူများအတွက် ယခုပြောမည့် Basic Plan ကို ထားနိုင်ပါတယ်။

.

(b) Basic Plan

အသက် 20-29နှစ် အတွက် တလလျှင် $32.40 or တစ်နှစ်စာ $372

အသက် 30-39နှစ် အတွက် တလလျှင် $48.60 or တစ်နှစ်စာ $559

အသက် 40-49နှစ် အတွက် တလလျှင် $77.9 or တစ်နှစ်စာ $895

Basic Plan တွင် အထက်က ပြောပြထားသော Plan A မှ “Deductible ( per policy year )” ပထမဆုံးကုန်ကျသည့် Amount S$3500 ကို မိမိပေးပြီးကျန်သည့် ကုန်ကျစရိတ်နှင့် “Co- Insurance” ဆေးရုံ တက်ကုန်ကျစရိတ်စုစုပေါင်း ရဲ့  10 % ကို မိမိပေးပြီး ကုန်ကျစရိတ်များကို ပြန်လည် Claim နိုင်ပါတယ်။

.

(c) AIA Pink of Health

ယခုပြောမည့် Pink of Health သည် Work Permit Holder ( Construction & Nursing Home ) များပါ ၀ယ်ယူနိုင်ပြီး Domestic Worker များ ၀ယ်လို့ မရပါ။ SP/EP Holder များပါ AIA Health Shield Gold Max Plan A အပြင် ထပ်မံဝယ်ယူနိုင်ပါတယ်။

Pink of Health Plan 1 အရ ကျန်းမာရေးမကောင်း၍ ဆေးရုံတက်ရလျှင် တစ်နေ့စာဝင်ငွေ အဖြစ် S$50 ရရှိမှာဖြစ်ပြီး ၊ Accidental ဖြစ်လို့ ဆေးရုံတက်ရလျှင် တစ်နေ့စာဝင်ငွေအဖြစ် $100 (ရက်ပေါင်း 500 အထိ အများဆုံး) ရရှိမှာဖြစ်ပါတယ်။ အထူးကြီးကြပ်ခန်း ICU ခန်းမှာ တက်ရလျှင် တစ်နေ့စာဝင်ငွေအဖြစ် $150 (ရက် 30 အများဆုံး) ရရှိမှာဖြစ်ပါတယ်။ Pink of Health Plan 1 ဟာ ဆေးရုံတက်စရိတ် စုစုပေါင်း အများဆုံး S$2000 အထိသာ ပြန် claim နိုင်သော Insurance Plan ဖြစ်ပါသည်။

ပေးရမည့် ၀န်ဆောင်မှုခ က

အသက် 31-40နှစ် အတွက် တစ်လလျှင် $19.77 or တစ်နှစ်စာ $227.27

အသက် 41-50နှစ် အတွက် တစ်လလျှင် $22.00 or တစ်နှစ်စာ $253.07

.

(2) Personal Accident Plan
~~~~~~~~~~~~~~~~~~~~~~

အသက် 16-65နှစ် အတွင်း ဥပမာ Plan 2 အတွက် တစ်လလျှင် $25.21 or တစ်နှစ်စာ $289.70 ပေးလျှင် Accident ဖြစ်ပြီး သေဆုံးခြင်း ၊ Accident ဖြစ်ပြီး မသန်စွမ်းဖြစ်ခြင်းနှင့် မီးလောင်ဒဏ်ရာများအတွက်ကုသခြင်း ၊Accident ဖြစ်ပြီးဒဏ်ရာရခြင်းကို ကုသခြင်းများအတွက် အများဆုံး အာမခံလျော်ကြေးငွေ 250,000/ရနိုင်ပါတယ်။

အာမခံ လျော်ကြေးငွေ Plan 1 –S$100,000/-, Plan 2- S$200,000/-, Plan 3 – S$500,000/-, Plan 4- S$750,000/- အမျိုးအစားလိုက်၊ မိမိလုပ်ကိုင်သည့် အလုပ်အမျိုးအစားအလိုက် ပေးသွင်းရမည့် လစဉ်ငွေများ အနည်းငယ်စီ ကွာခြားသွားပါတယ်။

.

(3) Investment Link Life Policy
~~~~~~~~~~~~~~~~~~~~~~

ဝင်ငွေကောင်းပြီး နောက်ထပ်အလုပ် 3-5နှစ် ဆက်လုပ်ကိုင်မည့်သူများအတွက် တက်နိုင်ပါက ယခု ပြောမည့် Investment Link Life Policy ကို ထပ်မံဝယ်ယူနိုင်ပါတယ်။

အာမခံ ငွေ S$ 100,000/- အသက် 35 နှစ် အတွက် ခန့်မှန်းပေးရမည့် လစဉ်ငွေ S$200

အာမခံ ငွေ S$ 200,000/- အသက် 35 နှစ် အတွက် ခန့်မှန်းပေးရမည့် လစဉ်ငွေ S$260

အာမခံ ငွေ S$ 100,000/- အသက် 32 နှစ် အတွက် ခန့်မှန်းပေးရမည့် လစဉ်ငွေ S$180

အာမခံ ငွေ S$ 200,000/- အသက် 32 နှစ် အတွက် ခန့်မှန်းပေးရမည့် လစဉ်ငွေ S$230

အာမခံ ငွေ S$300,000/- , S$500,000/- , S$800,000/- စသည်ဖြင့် အမျိုးအစားအလိုက်၊ အသက်အရွယ် အလိုက် ကွာပြီး ပေးသွင်းရမည်ဖြစ်သည်။

ရရှိနိုင်သည့် ခံစားခွင့်မှာ သေဆုံးခြင်း၊ မသန်စွမ်းဖြစ်သွားခြင်း၊ ရောဂါကြီးများဖြစ်သွားခြင်း (ရောဂါပေါင်း 43 မျိုး) နှင့် ပထမအဆင့် ရောဂါကြီးများဖြစ်ခြင်းများ ဖြစ်ပွားလျှင် မိမိအာမခံသည့်ငွေ S$100,000/- or S$ 200,000/- ကို တလုံးတည်း ရရှိမှာဖြစ်ပါတယ်။ ယခု Plan သည် မိမိ မြန်မာနိုင်ငံ ပြန်သွားခဲ့လျှင်လည်း အကြောင်းကြားထားခဲ့ပါက အကျုံးဝင်နေမှာ ဖြစ်ပါတယ်။

ယခုပိုစ့်သည် Plan အမျိုးအစား အများအပြားထဲမှ အနည်းငယ်ကိုသာ ကောက်နုတ်ပြီး အကြမ်းဖျဉ်း ရှင်းပြခြင်းဖြစ်သောကြောင့် ၀ယ်ယူလိုပါက မိမိအားသန်ရာ Insurance company များမှ consultant များနှင့် အသေးစိတ် ဆွေးနွေးပြီးဝယ်ယူနိုင်ပါတယ်။ Insurance ၀ယ်ခြင်း မ၀ယ်ခြင်းဟာ မိမိတို့နဲ့သာ သက်ဆိုင်ပြီး ယခုပို့စ်ဟာ အာမခံအကြောင်း လုံးဝ မသိသေးတဲ့ မိတ်ဆွေများအတွက် ရည်ရွယ်ရေးသားလိုက်ရခြင်းပဲ ဖြစ်ပါတယ်။

အထက်ပါ အကြောင်းအရာများထက် အသေးစိတ် ပိုမို သိရှိလိုပါက AIA မှ နန်းမိုဟိန်းအား (Hp:93396792) ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Photos: 
Insurance အမခံ
 
 
 
 
Share on Facebook  Share on Facebook
 
 
 
 ShweLove.com
Members
 

 

 

 

 

 

 
  
  
 
iMyanmarHouse.com - Best Property and Real Estate Portal for Myanmar!
ShweGames - Play Games for Free

 
ShweSG.com

Copyright © 2008-2025 ShweRooms.com | All rights reserved.
Home | Post Advertisement | General Ads | Rooms for Sale | Info Knowledge | Jobs
Advanced Search | Map | MRT Map | Myanmar Horoscope | English Horoscope
Exchange Rate History | Currency Converter | Directory | Recipes
Learn English | Events | Dhamma Radio | Myanmar Hostels | Terms of Use
iMyanmarAds.com | iMyanmarHouse | CarsDB | iMyanmarMarket | iMyanmarGroup.com
Advertise on ShweRooms.com | Contact
Brought to you by ZillionTech